top of page

About Dr.Thet Thet Khine

pp.jpg
viber_image_2025-08-22_15-00-28-002.jpg

My
Story

  • ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌဖြစ်သူ ဒေါက်တာသက်သက်ခိုင်ကို ၁၉၆၇ ခုနှစ် မန္တလေးတိုင်းဒေသကြီး ၊ မိုးကုတ်မြို့တွင် ဖခင် ဦးခင်မောင်သိန်း ၊ မိခင် ဒေါ်ခင်မြမြ တို့မှ မွေးဖွားပြီး သားသမီး(၃)ဦးအနက် အငယ်ဆုံးသမီးဖြစ်သည်။

  • ၁၉၉၄ ခုနှစ်တွင် ဒေါက်တာအောင်ကျော်ဝင်းနှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး သမီးတစ်ယောက် ထွန်းကားခဲ့ပါသည်။

  • ၁၉၈၃ ခုနှစ်တွင် အထက(၁) မိုးကုတ်မှ တက္ကသိုလ်ဝင်တန်းအောင်ပြီး မန္တလေး ဆေးတက္ကသိုလ်တွင် ပထမနှစ် မှ နောက်ဆုံးနှစ် အပိုင်း (က) အထိတက်ရောက်ခဲ့ပြီး နောက်ဆုံးနှစ် အပိုင်း(ခ) နှင့် အလုပ်သင် ဆရာဝန်များကို ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် တက်ရောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ဆေးပညာဘွဲ့ကို ရရှိခဲ့ပါသည်။

  • ၂၀၀၂ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှု ပညာဌာနတွင် ပညာဆည်းပူးခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ကို ထူးချွန်စွာ အောင်မြင်ခဲ့ပြီး မမြလေး ပညာသင်ဆုကို ရရှိခဲ့ပါသည်။

  • ၂၀၀၇ ၊ ၂၀၀၈ ခုနှစ်များတွင် Nanyang Technological University ၏ Nanyang Business School မှ MBA (စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့) Nanyang Fellows, Singapore ကို ထပ်မံရရှိခဲ့ပါသည်။

  • ၄င်းနှင့် တဆက်တည်း MIT Sloan School of Management မှ International Management Program ကို အမေရိကန်နိုင်ငံတွင် ထပ်မံဆည်းပူး လေ့လာခဲ့ပါသည်။

  • ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ရေးရာ မူဝါဒ နှင့် စီမံခန့်ခွဲမှု ပါရဂူဘွဲ့ကို အမေရိကန်နိုင်ငံ Walden University မှ ထပ်မံရရှိခဲ့ပါသည်။

  • စီးပွားရေးလုပ်ငန်းများ အနေဖြင့် ၁၉၉၄ ခုနှစ်တွင် ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ကို ခင်ပွန်းဖြစ်သူနှင့်အတူ စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်တွင် ရွှေနန်းတော် စိန်ရွှေရတနာဆိုင် (၇) ဆိုင်ကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

  • ၂၀၀၅ ခုနှစ်တွင် Jewel Collection Manufacturing Co., Ltd အမည်ဖြင့် ရွှေနှင့်လက်ဝတ်ရတနာများ ထုတ်လုပ်သည့် စက်ရုံကို တည်ထောင်ခဲ့ပါသည်။

  • ၂၀၁၃ ခုနှစ်တွင် United GP Development Co., Ltd ကို တည်ထောင်ပြီး 68 Residence Condominium Project ကို ဆောင်ရွက်လျှက်ရှိပါသည်။

  • ဒေါက်တာသက်သက်ခိုင်သည် ၂၀၁၅ ခုနှစ် မတ်လတွင် ဗီယက်နမ်နိုင်ငံ ၊ ဟနွိုင်းမြို့၌ ကျင်းပသော ကမ္ဘာ့အမျိုးသမီး စွမ်းဆောင်ရှင်များ အထိမ်းအမှတ်နေ့တွင် Outstanding ASEAN Woman Entrepreneurs ဆုကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ASEAN Summit တွင် ASEAN Business Advisory Council မှ ချီးမြှင့်သည့် အာဆီယံဒေသတွင်း အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင် ထူးချွန်ဆုကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင်  Nanyang Fellows, Singapore ကျောင်းသားဟောင်းများဆိုင်ရာ ထူးချွန်ဆုကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ ချီးမြှင့်သည့် သုဓမ္မသိင်္ဂီဘွဲ့ကို ရရှိခဲ့ပါသည်။

  • ဒေါက်တာသက်သက်ခိုင်သည် (၂၀၀၂-၂၀၁၆) ခုနှစ်အထိ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းတွင် ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း၊ (၂၀၁၃-၂၀၁၆) ခုနှစ်အထိ မြန်မာ့အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များအသင်းတွင် ဒုတိယ ဥက္ကဌ(၁) အနေဖြင့်လည်းကောင်း၊ (၂၀၁၃-၂၀၁၆) ခုနှစ်အထိ တွဲဖက်အထွေထွေအတွင်းရေးမှူး(၃) အနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင်လည်း လူမှုရေးလုပ်ငန်းများ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါသည်။

  • ဒေါက်တာသက်သက်ခိုင်သည် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

  • ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စ၍ နိုင်ငံတော်၏ အနာဂတ်သစ်အတွက် စွန့်ဥိးတီထွင် အလုပ်အကျွေးပြုနိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီအား ထူထောင်နိုင်ရန် စတင်ကြိုးပမ်း ဖော်ဆောင်ခဲ့ပြီး ယခုအခါ ပြည်သူ့ရှေ့ဆောင်ပါတီ၏ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင် လျှက်ရှိပါသည်။

  • ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန်ကြီးအနေဖြင့်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

  • ၂၀၂၃ ခုနှစ်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ပေးအပ်သည့် သီရိပျံချီဘွဲ့ ချီးမြှင့်ခြင်း ခံရပါသည်။

  • ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ပါဝင်ယှဥ်ပြိုင်ရန်အတွက် ပါတီတာဝန်များ ထမ်းဆောင်နိုင်ရန် အစိုးရတာဝန်မှ အနားယူခဲ့ပါသည်။


10-B, Red Hill Tower, 275 Pyay Road, Sanchaung Tsp, Yangon.
09 446 446 941, 09 446 446 942, 09 446 446 943 ,09 956 460 060 ,09 661 995 227

Viber - 09-446446941

ပါတီမှတ်ပုံတင်အမှတ်- ၂၂ ၊  ၅-၆-၂၀၂၃ / ထုတ်ဝေခွင့်အမှတ်-၀၂၇၀၅

bottom of page